ABOUT

TERASIA ဆိုတာဘာလဲ?

TERA နှင့် ASIA ပေါင်းစပ်ထားသောစကားလုံးဖြစ်ပြီး အာရှတိုက်တခွင်အားနယ်မြေစည်းမျဉ်းများမကျော်ဘဲခရီးသွားခြင်းဖြစ်သည်။

TERASIA : တသီးတသန့်ခွဲခွာနေရချိန်တွင် ကူးလူးဆက်ဆံခရီးသွားခြင်းအတွက်ဇာတ်ရုံဟုအဓိပ္ပာယ်ရသည့် ပူးပေါင်းလုပ်ဆောင်ခြင်းပရောဂျက်ကို ကိုဗစ်ကမ္ဘာ့ကပ်ရောဂါပေါက်ဖွားလာသည့် ၂၀၂ဝခုနှစ်တွင်စတင်စီစဉ်ခဲ့သည်။ ၂၀၁၈ ခုနှစ် တိုကျိုမြို့တွင်ပထမဆုံးဖျော်ဖြေခဲ့သော TERA ပြဇာတ်အား အာရှတိုက်တခွင်မှအနုပညာရှင်များက မိမိသဏ္ဍာန်ဖြင့် ပြန်လည်ခံစားပုံဖော်တင်ဆက်ကြမည်ဖြစ်သည်။

TERA ပြဇာတ်အားပြန်လည်တင်ဆက်ကြမည့် ဂျပန်၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားအနုပညာရှင်များ၏ဇာတ်ကြောင်းများတွင်တူညီချက်တစ်ခုရှိသည်။ သေခြင်းတရားနှင့်ဆက်စပ်သည့်မေးခွန်းများကို စူးစမ်းလေ့လာကြမည်ဖြစ်ပြီး အမြင်နှင့်မဖမ်းယူနိုင်သော သတ္တဝါများဖြစ်သည့် ဘုရားများ၊ ဗုဒ္ဓများ နှင့် ၀ိညာဉ်များကို ကဗျာ၊ ပုံပြင်၊ သီချင်း၊ ဗုဒ္ဓအယူအဆများနှင့် ဘာသာရေးဆိုင်ရာနေရာများအား အသုံးပြု၍လေ့လာသွားမည်ဖြစ်သည်။

– ငါတို့ဘယ်သူတွေလဲ?
– ဘာတွေကိုယုံကြည်ပြီး ဘယ်လိုဦးတည်နေတာလဲ?
– ရှင်သန်ခြင်းဆိုတာဘာလဲ? သေခြင်းဆိုတာဘာလဲ?

ဒီလိုယေဘုယျကျတဲ့ဖြစ်တည်မှုဆိုင်ရာမေးခွန်းတွေကိုရင်ဆိုင်ရင်း ကိုယ်ပိုင် TERA ဇာတ်ကြောင်းတခုအား မိမိတို့နဲ့နီးစပ်ရာပတ်ဝန်းကျင်ကတန်ဖိုးတွေ၊ လူ့သမိုင်းတွေကိုထင်ဟပ်အောင် ကိုယ်ပိုင်အတွေးအခေါ်တွေ၊ လွှမ်းမိုးမှုတွေနဲ့ပြန်လည်တင်ဆက်မှာဖြစ်ပါတယ်။

ဘာသာရပ်ပေါင်းစုံပေါင်းစည်း၍လေ့လာစူးစမ်းနိုင်သော ပွင့်လင်းနေရာတစ်ခု

ဒီ ဝက်ဘ်ဆိုက်တွင် TERASIA ၏နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဘာသာစကားများစွာဖြင့်တွေ့မြင်နိုင်ပါမည်။
ပရောဂျက်တွင်ပါဝင်သူများသည် အဝေးတစ်နေရာစီမှဖန်တီးမှုများဖလှယ်ရင်း ဘာတွေကိုကြုံတွေ့ပြီး ဘာတွေကိုရှာဖွေတွေ့ရှိနိုင်မလဲ?
အချိန်အနည်းငယ်ကြာတဲ့အခါ ဒီအွန်လိုင်းနေရာမှာဖန်တီးမှုများကို “မြင်တွေ့” နိုင်မှာပါ။

တချိန်တည်းမှာပဲ လူတဦးနဲ့တဦးထိတွေ့မှုပုံစံတွေပြောင်းလဲနေချိန်မှာ “မမြင်တွေ့” နိုင်တဲ့အရာတွေကို TERASIA ကဆက်လက်စူးစမ်းသွားမှာဖြစ်ပါတယ်။
နောက်တနည်းနဲ့ပြောရရင်တော့ ဒီပရောဂျက်ခရီးစဉ်ရဲ့ရည်ရွယ်ချက်ဟာ တချိန်ချိန်မှာလူအချင်းချင်းပြန်ဆုံနိုင်မယ့်အချိန်ကိုဦးတည်မျှော်လင့်ရင်း လူသားဖြစ်တည်မှုရဲ့အခရာကျတဲ့နေရာကို ယဉ်ကျေးမှုစည်းမျဉ်းမျိုးစုံကနေချဉ်းကပ်ဖို့ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာတော့ TERASIA ပူးပေါင်းဆောက်ရွက်မှုပရောဂျက်မှာ မတူညီတဲ့နောက်ခံကလာတဲ့ပညာရှင်မျိုးစုံပါဝင်လာပြီး ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဂျပန်မှပညာရှင်များပါဝင်ပါတယ်။ ဒီပရောဂျက်ဟာ လူအသစ်တွေနဲ့ထိတွေ့ရတိုင်း အစဉ်အဆက်ပြောင်းလဲလျက်ရှိပါတယ်။ ဒါကြောင့် မတူညီတဲ့ရှုထောင့်၊ မတူညီတဲ့နောက်ခံကနေလာတဲ့ပူးပေါင်းဆောင်ရွက်မှုတိုင်းကိုကြိုဆိုလျက်ရှိပါတယ်။

ပရောဂျက်အချိန်ဇယား

၂၀၁၈၊ ၁၁
Festival/Tokyo ၁၈တွင်ပါဝင်သော မြို့ပြပါဖောမင့်စီးရီး
“ Tera” အားစတင်မိတ်ဆက်ခြင်း။ ဂျိုတိုကျောင်း၊ စိုင်းဟို ဘုရားကျောင်း၊ တိုကျိုမြို့၊ ဂျပန်နိုင်ငံ။

၂၀၁၉၊ ၁၂
“ Tera” အား တူးနီးရှားနိုင်ငံတွင် Carthage International Theater Days Festival အတွက်လှည့်လည်ပြသခြင်း (Tunis၊ Monastir နှင့် Zaghouan မြို့များတွင်ပြသခဲ့သည်)

၂၀၂၀၊ ၀၅
TERASIA : တသီးတသန့်ခွဲခွာနေရချိန်တွင် ကူးလူးဆက်ဆံခရီးသွားခြင်းအတွက်ဇာတ်ရုံအား ဂျပန်၊ ထိုင်း၊ မြန်မာ နှင့် အင်ဒိုနီးရှားမှအနုပညာရှင်များကအွန်လိုင်းတွင်စတင်ဖော်ဆောင်ခြင်း။

၂၀၂၀၊ ၁၀
Meiji တက္ကသိုလ်၏ ပါဖောမင့်အနုပညာဘာသာရပ် နှစ်ခုတွင် ပရောဂျက်အကြောင်းရှင်းပြခြင်း။ (ပို့ချသူ – Rina Tanaka)

၂၀၂၀၊ ၁၀
“ TERA เถระ” စတင်မိတ်ဆက်ခြင်း။ Wat Phalat ဘုရားကျောင်း၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ။ “ TERA เถระ” စတင်မိတ်ဆက်ခြင်း။ Wat Phalat ဘုရားကျောင်း၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ။

၂၀၂၀၊ ၁၁
“ TERA เถระ” အွန်လိုင်းပြသမှုနှင့် အနုပညာရှင်စကားဝိုင်း။

၂၀၂၀၊ ၁၁
“ TERA เถระ” ပြသခြင်းနှင့် ကျိုတိုအနုပညာစင်တာတွင် ပရောဂျက်တင်ဆက်ခြင်း။

၂၀၂၁၊ ၀၂
TPAM (Performing Arts Meeting in Yokohama) တွင်ပရောဂျက်တင်ဆက်ခြင်း။
>ဗီယက်နမ်အနုပညာရှင်များမှစတင်ပူးပေါင်းပါဝင်လာသည်

၂၀၂၁၊ ၀၃
“ TERA in Kyoto” စတင်ပြသခြင်း။ Rinzai ကျောင်း၊ Kosho-ji ဘုရားကျောင်း၊ ကျိုတို၊ ဂျပန်နိုင်ငံ။

၂၀၂၁၊ ၁၀
Meiji တက္ကသိုလ်၏ ပါဖောမင့်အနုပညာဘာသာရပ် စ်ခုတွင် ပရောဂျက်အကြောင်းရှင်းပြခြင်း။ (ပို့ချသူ – Rina Tanaka)

၂၀၂၁၊ ၁၁
TERASIA အွန်လိုင်းသီတင်းပတ် ၂၀၂၁ အွန်လိုင်းပွဲတော်ငယ်

၂၀၂၂၊ ၀၅
မြန်မာအနုပညာရှင်များ၏တင်ဆက်မှု “သေခြင်းတရားအား မျက်နှာဖုံးစွပ်ခြင်း/ခွာချခြင်း” (စီစဉ်ပြီး)

၂၀၂၂၊ ၀၈
ဗီယက်နမ်အနုပညာရှင်များ၏ “ TERA Vietnam (နာမည်အတိတကျမဟုတ်သေး)” ဗီဒီယိုအားမိတ်ဆက်ပြသခြင်း (စီစဉ်ပြီး)

၂၀၂၃၊ ၀၉
အင်ဒိုနီးရှားအနုပညာရှင်များ၏ “TERA Indonesia (နာမည်အတိတကျမဟုတ်သေး)” ဗီဒီယိုအားမိတ်ဆက်ပြသခြင်း (စီစဉ်ပြီး)
ပါဝင်သောအနုပညာရှင်အားလုံးတက်ရောက်မည့် TERASIA ထိပ်သီးအစည်းအဝေးအား ဂျာကာတာမြို့တွင်ကျင်းပခြင်း (စီစဉ်ပြီး)